International News

အချို့သော ထုတ်ကုန်များအပေါ် ဩစတြေးလျ၏ ကုန်သွယ်ရေးဆိုင်ရာ အကာအကွယ်ပေးမှုများအတွက် WTO တွင် တရုတ်က စိန်ခေါ်လိုက်ခြင်း

Last Updated:

တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိကန်များ၊ မီးရထားဘီးနှင့် wind towers များအပေါ် ဩစတြေးလျနိုင်ငံက တန်ပြန်စုပုံခွန်များ ကောက်ခံမှုနှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံ၏ တောင်းဆိုချက်ကို ကြားနာစစ်ဆေးနိုင်ရန် WTO တွင် ခုံရုံးဖွဲ့ပေးရန် တရုတ်က တောင်းဆိုလိုက်ကြောင်း ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာနက ၁၅-၁-၂၀၂၂ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပါသည်။

ဩစတြေးလျနှင့် ညှိနှိုင်းဆွေးနွေးရန် တရုတ်နိုင်ငံက ဇွန်လ ၂၄ ရက်နေ့က တောင်းဆိုခဲ့ပြီးနောက် ယခုတောင်းဆိုမှုသည် WTO အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်၏ နောက်တစ်ဆင့်ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာန၊ ဝန်ကြီး Dan Tehan က “သြစတြေးလျ၏ ကုန်သွယ်ရေးဆိုင်ရာ အကာအကွယ်ပေးမှုစနစ်သည် အမှီအခိုကင်းပြီး၊ ပွင့်လင်းမြင်သာမှုရှိကာ ခွဲခြားမှုမရှိသည့် စည်းမျဉ်းအခြေပြုစနစ်ဖြစ်ကြောင်း၊ ဆောင်ရွက်ချက် များသည် သြစတြေးလျ၏ WTO ဆိုင်ရာ ဝတ္တရားများနှင့် ကိုက်ညီကြောင်း ယုံကြည်ပြီး၊ ယင်းတို့အား ခိုင်ခိုင်မာမာ ခုခံကာကွယ်သွားမည်” ဟုပြောကြားခဲ့သည်။

သြစတြေးလျသည် စည်းမျည်းအခြေပြု နိုင်ငံစုံကုန်သွယ်မှုစနစ်အား ခိုင်မာစွာ ထောက်ခံအားပေးသူဖြစ်ပြီး၊ ဝန်ကြီးက “WTO အဖွဲ့ဝင်တိုင်း၏ စိုးရိမ်ပူပန်မှုကို WTO သို့ တင်ပြခွင့်ရှိသည့်အခွင့်အရေးကို လေးစားပါကြောင်း၊ ယခုကိစ္စကို တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းရန် အဆင်သင့်ရှိနေပါကြောင်း” ပြောကြားခဲ့ပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.trademinister.gov.au

Category: International News